Sponsors

 

.

Hotel Yangon

Hotel Yangon လည်းမနေပါ မြန်မာဘောလုံးအတွက်ဆို လုပ်ငန်းနယ်ပယ်အသီးသီးမျ ဘောလုံးချစ်စေတနာရှင်များက လိုအပ်သည့် အခန်းကဏ္ဍများ တွင် ပါဝင်ပံ့ပိုးနေချိန်တွင် ရန်ကုန်မြို့ပေါ်ရှိ အထင်ကရဟိုတယ်ကြီးတစ်ခုဖြစ်သည့် Hotel Yangon မှာလည်း လစ်ဟာမှု မရှိခဲ့ပေ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ဦးစီးကျင်းပသည့် နိုင်ငံတကာဘောလုံးပြိုင်ပွဲအများစုတွင် Co-Sponsor အဖြစ် ပါဝင်ပံ့ပိုးခဲ့ဖူးသော Hotel Yangon သည် မြန်မာနေရှင်နယ်လိဂ်တွင်လည်း အစဉ်အလာမပျက် ပါဝင်ပံ့ပိုးသူအဖြစ် ပါဝင်လာပြန်သည်။ မြန်မာဘောလုံးအားကစားကို အစဉ်တိုးတက်အောင်မြင်စေလိုသော Hotel Yangon ၏တာဝန်ရှိ အကြီးအကဲများကလည်း မြန်မာဘောလုံးအတွက် လိုအပ်သည့် ပံ့ပိုးမှုများကို ဆက်လက်ပြုလုပ်ပေးသွားရန် ဆန္ဒရှိသူများ ဖြစ်သောကြောင့် ယခုနှစ်မြန်မာနေရှင်နယ်လိဂ်အတွက်သာမက လာမည့် နှစ်များအတွက်လည်း ယခုကဲ့သို့ ပံ့ပိုး ကူညီမှု များထပ်မံပြုလုပ်သွားလိမ့်မည်ဟု ယုံကြည်မိပါသည်။
 

.


Canon

Canon လည်းပါတယ် ဘောလုံးအားကစားသည် မြန်မာတစ်မျိုးသားလုံးသာမက တစ်ကမ္ဘာလုံးကပါ စိတ်ဝင်စားသည့် Global Sport ဖြစ်၍ ကမ္ဘာကျော် အီလက်ထရောနစ်ကုမ္ပဏီတစ်ခု ဖြစ်သော Canon ကလည်း မြန်မာ့ဘောလုံးအတွက် လိုအပ်နေသည့် ကွက်လပ်အချို့ကို အစဉ်အမြဲတတ်အားသရွေ့ဖြည့်ဆည်းပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့သည်။ မြန်မာဘောလုံးအတွက် တစ်ခေတ် ဆန်းစေမည့် အလှည့်အပြောင်းဖြစ်သည့် အပျော်တမ်းစနစ်မှ ပရိုစနစ်သို့ ပြောင်းလဲတော့မည့် ကာလ၌လည်း Canon ကတာဝန်ကျေသည့်အခန်းကဏ္ဍမှ ပါဝင်လာခဲ့သည်။ မကြာခင်ရက်ပိုင်းအတွင်းကျင်းပတော့မည့် MNL CUP Grand Royal 2009 ဘောလုံးပြိုင်ပွဲကြီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်လည်း လိုအပ်သည့် ပံ့ပိုးမှုတစ်ခုကို ဖြည်းဆည်းဆောင်ရွက်ပေးသည့်အနေဖြင့် ကျပ်ငွေသိန်း (၃၀၀) အကုန်အကျခံကာ Co-Sponsor တစ်ခုအဖြစ် ပါဝင်ပံ့ပိုး ထားသည်။ နောင်တွင်လည်း မြန်မာ့ဘောလုံးအတွက် လိုအပ်သည့် ပံ့ပိုးမှုအချို့အား Canon အနေဖြင့်ဆက်လက် ပံ့ပိုးပေးသွားရန် အဆင်သင့်ရှိနေလေသည်။
 

 .

Calsome

အားကစားအတွက်ဆို Calsome က အဆင်သင့် ဒီဘက်ခေတ်၌ မြန်မာ့အားကစား လှုပ်ရှားမှုအများစုတွင် အမြဲတစေ ပါဝင်ကူညီလျက်ရှိနေခဲ့သော Calsome သည် ယခုမြန်မာနေရှင်နယ်လိဂ်တွင်လည်း လိုအပ်ေ်နသော ကွက်လပ်တစ်ခုအား အစဉ်လာမပြတ်ဖြည့်ဆည်းပေးထားပြန်သည်။ လူကြိုက်များသော စားသောက်ကုန်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလျက်ရှိပြီး MDG ကုမ္ပဏီ၏ နာမည်ကြီးထုတ်ကုန် တစ်ခုဖြစ်သော Calsome သည်မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကို တစ်စုံတစ်ရာ အထောက်အကူပြုစေနိုင်သည့် ငွေကြေးကူညီပံ့ပိုးမှုများကို ပြိုင်ပွဲတိုင်းလိုလို ပါဝင်ကူညီခဲ့သလို မောင်မြန်မာ၊ မယ်မြန်မာပြိုင်ပွဲများ၊ လက်ဝှေ့ပြိုင်ပွဲ များတွင်လည်း Main Sponsor အဖြစ်ပါဝင်လျက်ရှိပါသည်။ ယခုနှစ် မြန်မာနေရှင်နယ်လိဂ်၏ Co-Sponsor တစ်ဦးအနေဖြင့်လည်း ဂုဏ်ယူစွာ ပါဝင်ပံ့ပိုးပေးလာသည့်အတွက်မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မြန်မာနေရှင်နယ်လိဂ်က
ကျေးဇူးမှတ်တမ်းတင်နေမည်ဖြစ်ပါသည်။
 

FRESH Air Conditioning Systems .

Fresh Air-Con ၏ဘောလုံးချစ်စိတ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးအား အဘက်ဘက်မှ အောင်မြင်မှု ရရှိစေရန်နှင့် အစီအစဉ်များချမှတ်ကာ စနစ်တကျကြိုးစားအကောင်အထည်ဆောင်ရွက်နေသကဲ့သို့ တစ်ဖက်မျလည်း လိဂ်ပြိုင်ပွဲကြီး ရေရှည်ရပ်တည်နိုင်ရေးအတွက် ငွေကြေးပံ့ပိုးသူ စပွန်ဆာများအား ပါဝင်ကူညီပံ့ပိုးနိုင်ရန် စည်းရုံးစွမ်းဆောင်မှုများ ပြုလုပ်လျက်ရှိသည်။ သို့သော် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဘောလုံးအပေါ်ထားသည့် စေတနာနှင့် သဘောထားကို သိမြင်ပြီး မြန်မာ့ဘောလုံးကိုလည်း မြင့်မားသည့်အောင်မြင်မှုများ ရရှိစေလိုသော ကုမ္ပဏီအဖွဲ့အစည်း အသီးသီး အနေဖြင့် လိုအပ်သည့်ငွေကြေးပံ့ပိုးမှုများကို ပြုလုပ်ပေးလျက်ရှိနေသည်။ မြန်မာဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာ့ဘောလုံးကိစ္စများတွင် စဉ်ဆက်မပျက်လက်တွဲဆောင်ရွက်ခဲ့သော စပွန်ဆာများထဲတွင် Fresh Air-Con ကလည်း တစ်ခု အပါအ၀င်ဖြစ်နေသည်။ ယခုလ (၁၆) ရက်နေ့တွင် စတင်ကျင်းပတော့မည့် MNL CUP Grand Royal 2009 ပြိုင်ပွဲကြီးတွင်လည်း အခြား Co-Sponsor (၁၀) ခုနှင့်အတူ Fresh Air-Con ကလည်း Co-Sponsor တစ်ခုအနေဖြင့် ပါဝင်ပံ့ပိုထားသည်ကို ကြည့်ပါက မြန်မာ့ဘောလုံးကို ထားရှိသည့် သဘောထားကို သိမြင်နိုင်ပေလိမ့်မည်။
 

 

  League Table
 
 

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: