Sponsors

 

.

C.P. Group

တစ်ထောင့်တစ်နေရာမှ တာဝန်ကျေနေတတ်သူ ဒီဘက်ခေတ်မြန်မာ့ဘောလုံးအတွက် ငွေကြေးပံ့ပိုးမှု လိုအပ်သည့်အခါတိုင်း တတ် နိုင်သည့်ဘက်မှ ပါဝင်ကူညီပံ့ပိုးပေးခဲ့သော အားကစားချစ်မြတ်နိုးသူ စေတနာရှင်ကုမ္ပဏီအဖွဲ့အစည်းများထဲတွင် Myanmar CP Group လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ နိုင်ငံတကာအဆင့်မီ မွေးမြူရေးအစားအစာများကို တင်သွင်းဖြန့်ဖြူးပေးနေသည့် Myanmar CP Group သည်မြန်မာဘောလုံးကို အပျော်တမ်းအဆင့်မှ ပရော်ဖက်ရှင်နယ်အဆင့်ပုံစံသို့ ကူးပြောင်း ဆောင်ရွက် ချိန်တွင်လည်း အစဉ်လာမပျက်ပံ့ပိုးသူတစ်ဦးအနေဖြင့် တစ်ထောင့်တစ်နေရာမှ တာဝန်ကျေခဲ့ပြန်သည်။ ယခုနှစ်မြန်မာနေရှင်နယ် လိဂ်အတွက် Co-Sponsor အဖြစ်ငွေကျပ်သိန်း (၃၀၀) ပါဝင်ပံ့ပိုးပေးထားပြီး နောက်နှစ်များတွင် လည်း ဆက်လက်ပံ့ပိုးပေးသွားရန် အစီအစဉ်ရှိသေည်။
 

.


ASIA LIGHT

မြန်မာ့ဘောလုံးလောကအတွက် အားသစ်တစ်ခု Asia World Co.,Ltd မှဖွင့်လှစ်ထားသည့် Asia Light အမည်ရ နိုင်ငံတကာအဆင့်မီ စူပါမားကတ် လုပ်ငန်းစုကြီး သည်လည်း မြန်မာ့ဘောလုံးအတွက် အားသစ်တစ်ခုအဖြစ် ပါဝင်လာသည်ကို ၀မ်းသာဂုစ်ယူဖွယ်တွေ့ရသည်။ ယခင် ကတည်းက မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုစေမည့် ပံ့ပိုးကူညီမှုများကို အလျဉ်းသင့်သလို ပံ့ပိုးပေးခဲ့သော Asia Light သည် မြန်မာနေရှင်နယ်လိဂ်တွင်လည်း ပါဝင်ပံ့ပိုးပေးထားသည့် Co-Sponsor တစ်ခု ဖြစ်သည်။ Asia Light ၏ ပင်မကုမ္ပဏီကြီးဖြစ်သည့် Asia World Co.,Ltd သည်လည်း မြန်မာနေရှင်နယ်လိဂ်တွင် မြင့်မားသည့်အောင်မြင်မှုများရရှိစေရန် ရည်ရွယ်ကာ မကွေးတိုင်းကိုယ်စားပြုမကွေးအက်ဖ်စီအသင်းကို စနစ်တကျ ဖွဲ့စည်းတည်ထေင်ထားသောကြောင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအတွက်ရော မြန်မာ့ဘောလုံးအနာဂတ်အတွက်ပါ အားသစ်တစ်ခုတိုးလာပြီဟု ဆိုရပါမည်။
 

.

Oramin-G

Oramin-G လည်းပါတယ် Oramin-G မှာလူတိုင်းအတွက် ရွှင်လန်းတက်ကြွအားပြည့်စေနိုင်သည့် ဆေးစွမ်းကောင်းတစ်လက်ဖြစ်သလို မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တွန်းအားတစ်ခုလိုဖြစ်န်ေသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာ့ဘောလုံး အတွက်လိုအပ်သည့်အခါတိုင်းနီးပါးတွင် Oramin-G ကလိုအပ်သလို ပါဝင်ကူညီပံ့ပိုးမှုများ ပြုလုပ်ပေးခဲ့ပြီး ယခုမြန်မာနေရှင်နယ်လိဂ်အတွက်လည်း Co-Sponsor တစ်ဦးအနေဖြင့် ပါဝင်ပံ့ပိုးပေးထာပါသည်။ သို့အတွက် Oramin-G အပါအ၀င် မြန်မာနေရှင်နယ်လိဂ်အား အဖက်ဖက်မှ အဆင်ပြေချောမွေ့အောင် ပံ့ပိုးပေးခဲ့ကြသည့် Main Sponsor နှင့် Co-Sponsor များအားလုံးကို မြန်မာ့ဘောလုံးလောကသားများကိုယ်စား မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က အထူးကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။
 


 

Awba .

ပြောစရာမလိုတဲ့ awba စိုက်ပျိုးရေးကို အခြေခံသော မြန်မာနိုင်ငံ၏တောင်သူလယ်သများဦးကြီးများအတွက် မရှိမဖြစ်အရာတစ်ခု ဖြစ်သော အဆင့်မီဓာတ်မြေသြဇာများနှင့် သီးပင်စားပင်များအတွက် လိုအပ်သည့်ဆေးဝါးများကို အောင်မြင်စွာထုတ်လုပ်ဖြန့်ချီ လျက်ရှိသော awba သည်လည်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက်ဆောင်ရွက်မှု လုပ်ငန်းတွင်တစ်တပ်တစ်အား ပါဝင်ပံ့ပိုးလာခြင်းအပေါ် ၀မ်းမြောက်စွာကြိုဆိုကြလျက်ရှိသည်။ awba ဆိုပြောစရာမလိုပါ ဟူသော ကုမ္ပဏီ၏ ဆောင်ပုဒ်အတိုင်း လာမည့်နှစ်ပေါင်းများစွာတွင်လည်း မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကြီးအတွက် ယခုကဲ့သို့ ပံ့ပိုးဆောင်ရွက် ပေးမှုများရှိလာလိမ့်ဦးမည်ဟုလည်း ယုံကြည်မိပါသည်။
 

 

  League Table
 
 

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: