Southern Myanmar FC [ 1 - 4 ] Zeyar Shwe Myay

13 Jan, 2010

MNL Image

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်အဖြစ် ဇေယျာရွှေမြေအသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့ယှဉ်ပြိုင်ကစားကြရာ ဇေယျာရွှေမြေအသင်းက ဆောက်သမ်းမြန်မာ အသင်းကို ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါသည်။

ဇေယျာရွှေမြေအသင်းတွင် ရာဇာဝင်းသိန်း မပါဝင်နိုင်ဘဲ သူ့နေရာတွင် နိုင်စိုးဝေ ကို ထည့်သွင်းကစားစေပြီးကျော်ကိုကို၊ ရဲဝေယံစိုး၊ မင်းသူ၊ ဇော်လင်းထွန်း (၂) တို့ပါဝင်ကစားကြသည်။. ဆောက်သမ်းမြန်မာ အသင်း တွင် ဘီဂျိမ်းထွေး၊ဇော်ခါး၊ ဇေယျာလင်း၊ တင့်နိုင်ထွန်းသိန်းစသော ကစားသမားများနှင့် နိုင်ငံခြာသားကစားသမားများ ပါဝင်ကစားကြသည်။

ယခုပွဲသည် ပရိသတ်စိတ်ဝင်စားမှုနည်းသောပွဲဖြစ်သဖြင့် ပွဲအစတွင် အနည်းငယ်ကြည့်မကောင်းသော်လည်း မိနစ် ၂၀ နောက်ပိုင်းတွင် မိနစ် ၂၀ တွင် ဇေယျာရွှေမြေမှ ကျော်ကိုကိုက ခေါင်းတိုက်သွင်းယူပြီး ပထမဂိုး၊. ဒုတိယဂိုးကို ၂၇ မိနစ်တွင် နိုင်စိုးဝေက သွင်းယူပေးခဲ့သည်။ ဆက်တိုက်ဆိုသလို ၄၁ မိနစ်တွင် နိုင်စိုးဝေမှ သွင်းယူပေးခဲ့သဖြင့် ပထမပိုင်းအပြီးတွင် ဇေယျာရွှေမြေက ၃ ဂိုး ဂိုးမရှိဖြင့်ဦးဆောင်နေခဲ့သည်။


ဒုတိယပိုင်းတွင် ဆောက်သမ်းမြန်မာမှ ချေပဂိုးရရေး ကြိုးပမ်းသလို ဇေယျာရွှေမြေအသင်းကလည်း ဂိုးထပ်မံရရှိရေး ကစားခဲ့သဖြင့် ပွဲမှာ ပိုမိုကြည့်ကောင်းလာခဲ့သည်။ ဆောက်သမ်းမြန်မာ အသင်းအတွက် တစ်လုံးတည်းသောချေပဂိုးကို မိနစ် ၈၀ တွင် ဘီဂျိမ်းထွေးက သွင်းယူပေးခဲ့ပါသည်။ ပွဲချိန် ၈၈ မိနစ်တွင် ကျော်ကိုကိုကပင် သွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ဇေယျာရွှေမြေအသင်းက ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိသွားပါသည်။

League Table
  League Table
 
 
header

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: