MNL Grand Royal 2009 ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ် အဖြစ်
ရန်ကုန်ယူနိုက်တက် အသင်းနှင့် ရတနာပုံ FC အသင်းတို့ ယနေ့ ညနေ
(၄း၀၀) နာရီတွင် ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်၌
ယှဉ်ပြီုင်ကစားကြရာ ရန်ကုန်ယူနိုက်တက်အသင်းက
လက်ရှိချန်ပီယံရတနာပုံ အသင်းကို ၂ ဂိုး ဂိုးမရှိဖြင့်
အနိုင်ရရှိသွားပါသည်။

ယင်းပွဲစဉ်မှာ အသင်းနှစ်သင်းယှဉ်ပြိုင်မှုပြင်းထန်ပြီး
ပရိသတ်စိတ်ဝင်စားမှု အများဆုံးပွဲစဉ်ဖြစ်သောကြောင့် ညနေ ၄နာရီမှ
ဘောလုံးပွဲစတင်မည်ဖြစ်သော်လည်း မွန်းလွဲ ၁ နာရီကတည်းက
နှစ်ဘက်အသင်း ပရိသတ် များတစ်ဖွဲဖွဲရောက်ရှိလာကြပြီး
တစ်ဘက်နှင့်တစ်ဘက်
ပရိသတ်အင်အား ပြီုင်ဆိုင်မှုပြင်းထန်ခဲ့သည်ကိုတွေ့ရသည်။

ရတနာပုံအသင်းတွင် ဒဏ်ရာရရှိထားသော ခင်မောင်ထွန်းမှ လွဲပြီး
Kambou, Babo, Gnonsian ထွန်းထွန်းဝင်း၊
ရန်ပိုင်၊အောင်ကျော်မိုး၊ ရဲဇော်ထက်အောင်၊
ကျော်ခိုင်ဝင်းတို့ပါဝင်ကစားသလို
ရန်ကုန်ယူနိုက်တက်အသင်းတွင်လည်း မျိုးမင်းထွန်း၊
ရွှေလှိုင်ဝင်း၊ ဌေးအောင်၊ စိုးလင်းထွန်း၊ Banyolag,Kone,Bamba
တို့ပါဝင်ကစားကြခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းမှာ
ပွဲစစချင်းဂိုးရရှိရန်ကြိုးစားကစားရာ ၂ မိနစ်တွင် တိုက်စစ်မှုး
Kone ကပထမဂိုးကို သွင်းယူခဲ့သဖြင့် ရန်ကုန်ပရိသတ် ၏
အားပေးသံများဆူညံသွားခဲ့သည်။ ၇ မိနစ်တွင် ရန်ကုန်မှ Gildas
အပိုင်ကန်သွင်းခဲ့သော်လည်း ဘားတန်း ကျော်သွားသဖြင့်
တစ်ဂိုးနစ်နာခဲ့ရသည်။ ၃၄ မိနစ်တွင် ရတနာပုံအသင်းမှ Kambou က
အလွတ်တည်ကန်ဘောမှ
ကန်သွင်းခဲ့သော်လည်း
ဘားတန်းကျော်သွားသဖြင့် ချေပဂိုး နစ်နာခဲ့ရသည်။ ၄၃ မိနစ်တွင်
ရန်ကုန်မှ Kone ၏ကန်သွင်းချက်မှာ ဂိုးသမားယဉ်မင်းအောင် လက်မှ
အံထွက်လာသော ဘောလုံးမှာ ဂိုးဧရိယာအတွင်း
အနည်းငယ်ရောက်ရှိခဲ့သော်လည်း ကွင်းလယ်ဒိုင်မှ ဂိုးမပေးခဲ့ပေ။
သို့သော် ၄၄ မိနစ်တွင် Kone ချပေးသောဘောလုံးကို Gildas
က ခေါင်းတိုက်သွင်းယူခဲ့သဖြင့် ရန်ကုန်တို့ ဒုတိယဂိုး
ထပ်မံရရှိခဲ့သည်။ ဒုတိယပိုင်းတွင် ရတနာပုံအသင်းမှ
ချေပဂိုး ပြန်မသွင်းနိုင်သဖြင့် ပွဲအပြီးတွင်
ရန်ကုန်ယူနိုက်တက်အသင်း က၂ ဂိုး ဂိုးမရှိဖြင့်
အနိုင်ရရှိသွားခဲ့သည်။ ယင်းပွဲ တွင် ပွဲအပြီး
သတင်းစာရှင်းလင်းပွဲ မပြုလုပ် နိုင်ခဲ့ပေ။