MFF ၏ မြန်မာနေရှင်နယ်လိဂ် ၂ဝ၁ဝ သတင်းစာရှင်းလင်းပွဲ

07 Mar, 2010

MNL Image
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် MFF မှ မြန်မာနေရှင်းနယ်လိဂ် ၂ဝ၁ဝ အကြိုသတင်းစာရှင်းလင်းပွဲ တရပ်ကို မတ်လ ၆ ရက် နေ့လည် ၂ နာရီက Chatrium Hotel Ball Room I တွင်ကျင်းပပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် MNL ပြိုင်ပွဲဝင် အသင်း ၁၁ သင်းမှ အသင်းပိုင်ရှင်နှင့် တာဝန်ရှိသူများ ၊ စာနယ်ဇင်းသတင်း မီဒီယာသမားများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော် က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာနယ်ဇင်းသတင်း မီဒီယာများမှ မေးမြန်းမှု များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် အသင်းတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါသည်။

MNL Grand Royal ပြိုင်ပွဲတွင် ယခင်နှစ်က ပြိုင်ပွဲဝင်အသင်း ၈ သင်းသာရှိခဲ့ရာမှ ယခုနှစ် 2010 တွင် မနောမြေ FC , ဇွဲကပင်ယူနိုက်တက် နေပြည်တော် FC အသင်းတစ်သင်းပါဝင်ခဲ့သဖြင့် အသင်း ၁၁ သင်း အထိရှိလာခဲ့သည်။ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲ 2010 ကိုမတ်လ ၁၃ ရက်နေ့မှ စတင်ပြီး ရန်ကုန်မြို့ YTC အားကစားကွင်းနှင့် မန္တလေးမြို့ ဗထူး အားကစားကွင်းတို့တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

League Table
  League Table
 
 
header

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: