2013 အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည်

07 Mar, 2010

MNL Image
2013 ခုနှစ်တွင် ကျင်းပပြုလုပ်မည့် အရှေ့တောင်အာရှ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပသွားမည် ကို အတည်ပြုချက် ရရှိပြီဖြစ်ကြောင်း MFF ဥက္ကဌ ဦးဇော်ဇော် က သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။

ဥက္ကဌက ပြောကြားရာတွင် 2013 ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဌ အားကစားဝန်ကြီးဌာန ၀န်ကြီးဗိုလ်မှုးချုပ် သူရအေးမြင့်  က ဆီးဂိမ်းအောင်နိုင်ရေး အစည်းအဝေးတွင် အတည်ပြုခဲ့ကြောင်း တဆင့်ပြန်လည်ပြောပြခဲ့သည်။

မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ဆီးဂိမ်းတွင် U-23   အသင်းသာမက U-19 အမျိုးသား၊ အမျိုးသမီး အသင်းပါ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း၊ အသင်းနည်းပြချုပ်အဖြစ် ဦးတင်မြင့်အောင်ကို ယာယီ ခန့်အပ်ထားပြီး  လာမည့်မေလတွင် အသင်းနည်းစနစ်ဒါရိုက်တာတစ်ဦးကို ခေါ်ယူသွားရန် စီစဉ်ထားကြောင်း ဦးဇော်ဇော် က ပြောကြားခဲ့သည်။

League Table
  League Table
 
 
header

© 2009-2010 Myanmar national League· All right reserved
Hit Counter : 00

myanmarnationalleague.com

Powered by: