|
သရေနဲ့သာ ပြီးဆုံးသွားတဲ့ Kanbawza Vs Yangon Utd
|
|
14 Mar, 2010
MNL Grand Royal 2010 ဘောလုံးပြိုင်ပွဲ Kanbawza FC နှင့် Yangon United အသင်းတို့ ယနေ့ မတ်လ (14) ရက်နေ့ ညနေ (4:00) နာရီအချိန်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားကြရာ အရှုံးအနိုင်မပေါ်ခဲ့ပဲ ဂိုးမရှိ သရေရလဒ်ဖြင့် ပြီးဆုံးသွားခဲ့သည်။
ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက်မှ အသစ်ခေါ်ယူထားသော
ကစားသမားများဖြစ် ပွဲထွက်လာခဲ့ပြီး ကမ္ဗောဇအသင်းကလဲ စိုးမြတ်မင်း၊ ကျော်သီဟ၊
စိုးမင်းဦး တို့ တိုက်စစ်မှူး သုံးဦးဖြင့် ပွဲထွက်လာခဲ့သည်။ ပထမပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ထိုးဖောက်ကစားနိုင်ခဲ့သော်လည်း အဆုံးသတ် မသေချာခြင်းကြောင့် သေချာပေါက်ဂိုးရရှိနိုင်မည့် အခွင်းအရေးများ ဆုံးရှုံးခဲ့ရသည်။ ရန်ကုန်ယူနိုက်တက်တို့ ကွင်းလယ်ကစားကွက် အသာစီးဖြင့် ကစားနိုင်ခဲ့ပြီး ကမ္ဗောဇအသင်းအား အကြိမ်ကြိမ် တိုက်စစ်ဆင်နိုင်ခဲ့သော်လည်း ကမ္ဘောဇအသင်းမှ နောက်တန်းခံစစ်မှူးများနှင့် ဂိုးသမား ကျော်ဇင်ထက်တို့ အကောင်းဆုံးကာကွယ်သွားနိုင်ခဲ့သည်။ ပွဲချိန် (၁၈) မိနစ်တွင် မျိုးမင်းထွန်း ညာတောင်ပံသို့ မျှောပေးလိုက်သည့်ဘောလုံးအား Julio ရင်ဘတ်ဖြင့်ထိန်းကာ ကန်သွင်းခဲ့သော်လည်း အနည်းငယ်များပြီး ဂိုးဘားတန်းပေါ်ကျော်ထွက်သွားခဲ့ကာ ပွဲချိန် (၂၂) မိနစ်တွင် ကမ္ဗောဇအသင်းတိုက်စစ်မှူး စိုးမင်းဦး ရန်ကုန်နောက်ခံလူနှစ်ဦးနှင့် ယှဉ်ပြေးရင်း ကန်သွင်းချက်မှာလည်း ဘေးထွက်သွားခဲ့သည်။ ပွဲချိန် မိနစ် (၄၀) အကျော်တွင် ရန်ကုန်အသင်းမှ အကောင်းဆုံးတိုက်စစ်ဆင် ကစားနိုင်ခဲ့ပြီး နာကျင်အချိန်ပို မှာတော စိုးမင်းဦးနှင့် ကျော်သီဟ တို့ တန်ပြန်တိုက်စစ်ဖြင့် ရန်ကုန်ဂိုးပေါက်အား ခြိမ်းခြောက်နိုင်ခဲ့သည်။
ဒုတိယပိုင်းတွင် ရန်ကုန်ယူနိုက်တက်မှ ကျောနံပါတ် (၇) David Da Roacha လူစားဝင်ရောက်လာပြီးနောက် ကစားအား ပိုမိုကောင်းမွန်လာခဲ့ပြီး (54) မိနစ်တွင် ရရှိသော ထောင့်ကန်ဘောအား Eric Sackey ခေါင်းတိုက်ခဲ့သော်လည်း ကမ္ဘောဇ ခံစစ်မှူးများ အချိန်မီ ဖျက်ထုတ်နိုင်ခဲ့သဖြင့် တစ်ဂိုး နစ်နာခဲ့ရသည်။ ပွဲချိန် (59) မိနစ်တွင် ရန်ကုန်မှ Elisangelo လူနှစ်ယောက်ကြားမှ ဆွဲပြေးပြီး ဂိုးရှေ့ချိုးပေးသော်လည်း Eric Sackey မပိတ်နိုင်ခဲ့သလို (60) မိနစ်တွင် ကွင်းလယ်မှ တင်ပေးလိုက်သည့်ဘောလုံးအား ကမ္ဘောဇဂိုးသမားအား ကျော်ကာ အသာမတင်ခဲ့သော်လည်း အနည်းငယ်များကာ ဂိုးဘားတန်းပေါ်ကျော်သွားခဲ့သည်။ ယနေ့ပွဲတွင် ရန်ကုန်ယူနိုက်တက်မှ ဂါနာကစားသမား Eric Sackey အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့သော်လည်း ဂိုးရရှိနိုင်မည့် အခွင့်အရေးများအား ကောင်းစွာအသုံးမချနိုင်ခဲ့၍ သရေ တစ်မှတ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။
|
|
League Table
|